သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ ရပ်ရွာအခြေပြုအခြေခံစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Feb 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရပ်ရွာအခြေပြုအခြေခံစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ်(တောင်ကြီး) ပြည်သူ့ကျန်းမရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး Orientation ဆောင်ရွက်မှုနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောာင်ရွက်
Feb 03,2024
ရှမ်းပြည်နယ်(တောင်ကြီး)အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မွေးစမှသေဆုံးသည်အထိ ဘဝတသက်တာ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုအပ်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပေးသည့် Orientation ကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတွင် ဆွမ်းစားကျောင်းဆောင်အသစ် တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပ
Feb 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတွင် ဆွမ်းစားကျောင်းဆောင်အသစ် တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေးသစ်တွင် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြိုနယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဖေ‌ဖော်ဝါရီလ (၂) ရက်နေ့ ညနေပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ မြို့မစျေးသစ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ချောက်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ရေတိုင်၊ ရေငုတ်များနှင့် ရေသိုလှောင်ကန်များအား ကွင်းဆင်းစစ်​ဆေး
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး မီးသတ်ရေတိုင်၊ ရေငုတ်များနှင့် ရေသိုလှောင်ကန်များအား ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်​ဆေး​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ် (သထုံ)၏ ၁၃ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
Feb 03,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ၁၃ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ် ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်သည်။
သူနာပြုတက္ကသိုလ် (မန္တလေး)၏ (၂၆) ကြိမ်မြောက် ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂x၆၃ လမ်းကြား၊ ၁၀၄x၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် ယနေ့ နံနက် (၉) နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။
သရက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခြင်း အခမ်းအနားကို ယ‌နေ့ နံနက်(၁၀)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။