သတင်းများ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 03,2024
ကျိုက်မရောမြို့၊ အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်း​၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်က အဆိုပါ ကျောင်းရှေ့၌ကျင်းပ ပြုလုပ်သည်။
ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း  (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မြိတ်မြို့နယ်၏ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၏ ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကို အ-ထ-က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၃၄၀၀) ဧကလျာထားစိုက်ပျိုးမည်
Feb 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ (OMC) မြောင်းများ၊ လင်ပန်းရေလှောင်တမံ၊ မင်းမြင်ရေလှောင်တမံနှင်သိန်ရင်ရေလှောင်တမံတို့မှ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၃၄၀၀) ဧကကို အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေး ဆည်ရေများအား ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ မြောင်းလက်တံများမှတစ်ဆင့် ရေပေးမြောင်းအလိုက် ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အလုံမြို့နယ် အခြေခံသမဝါယမအသင်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Feb 03,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ မြို့နယ်အတွင်း ဖွဲ့စည်းထား​သော အ​ခြေခံသမဝါယမအသင်းများနှင့်​ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယ​နေ့ ​နေ့ယ် ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြည်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်မံ)သင်တန်းဆင်းပွဲ ကျင်းပ
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်မံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တီတွဒ်နယ်မြေမီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မရဲအုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့၊ မြို့မဈေးတွင်  မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက​ ချောက်မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။