ပြည် ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်မံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တီတွဒ်နယ်မြေမီးသတ်စခန်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးမြတ်မင်းကြူ၊ ပြည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်လင်းစိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်မင်းကြူက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပြည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်လင်းစိုးက သင်တန်းနှင့် သက်ဆိုင်သော သုံးသပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမြတ်မင်းကြူက ပထမဆု ရရှိသော တပ်ကြပ်ထူးထူးနိင်၊ ဒုတိယဆု ရရှိသော တပ်သားနိုင်ထက်အောင်နှင့် တတိယဆုရရှိသော တပ်သားဇော်လင်းဦးတို့အား ဆုများ အသီးသီး ချီးမြှင့်ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ဘေးအန္တရာယ် စီမံခန်ခွဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေကျော်ဖြိုးက ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ ပေးအပ်ချီးမြင့်ခဲ့ပြီး သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသား (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ ဆရာများက လက်နက်မဲ့စစ်ရေးပြ၊ စက်ကြီးလေ့ကျင့်ခန်း၊ စက်ကလေးလေ့ကျင့်ခန်း၊ စစ်ရေးပြရည်ရွယ်ချက်၊ ကြိုးချည်နည်းအမျိုးမျိုး၊ ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါရပ် ၁၆ ချက်၊ စစ်ဝတ်တန်ဆာဝတ်ဆင်ရခြင်း အကျိုး ၁၀ ပါး စသည့် ဘာသာရပ်များကို သင်တန်းကာလ (၂၀) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)