သတင်းများ

လဲချားတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲကျင်းပ
Feb 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)မှ တစ်နိုင်တစ်ပိုင် စီးပွားရေး အသေးစားလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သင်တန်းသူများ မွေးထုတ်ပေး
Feb 03,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးကို အခြေခံ၍ MSME လုပ်ငန်းများအားပေးပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့) အနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာ ဘာသာရပ်များ  သင်ကြားပေးလျက်ရှိသည်။   အဆိုပါ သင်တန်းများနှင့် ပတ်သက်၍ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်နှင့် တွေ့ဆုံမေးမြန်းမှုအား တင်ပြလိုက်ပါသည်။
ကံမမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို မြို့နယ်ခန်းမ၌ ယမန်နေ့ နေ့လယ် (၃) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဒေးဒရဲမြို့၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ကျင်းပ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အုန်းပင်ကျေးရွာ (မြောက်)၊  အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ပညာပဒေသာ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Feb 03,2024
ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို ယနေ့နံနက် (၈) နာရီမှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စကုမြို့၌ (၁/၂၀၂၄) အရန်မီးသတ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက စကုနယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
Feb 03,2024
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။
ပွင့်ဖြူမြို့နယ်၌ သီးနှံမျိုးစုံ တောင်သူစုပေါင်းရောင်းချပွဲ ပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တောင်သူအကျိုးပြုအသင်းနှင့် မကွေးမြို့၊ မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသခံတောင်သူများ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဒေသထွက်ကုန် သီးနှံများ အဆင်ပြေစွာ ရောင်းချသွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်သည့် သီးနှံမျိုးစုံ တောင်သူစုပေါင်းရောင်းချပွဲ ပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။