မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မရဲအုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး(တာဝန်ခံ) ဒေါ်အေးမို့အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဒေါ်နုနုအေးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ  Grade-8 မှကျောင်းသူ မဧပရယ်သိမ့်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်၊ Grade-8 မှကျောင်းသူ မခိုင်စုနှင်းချိုက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း  Grade-8 မှ ကျောင်းသူ မအေးမြတ်ဦးက  လူငယ်နှင့်သစ်ပင်စိုက်ပျိုးခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8  မှ ကျောင်းသူ မခိုင်စုဝေလှိုင်က လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်း‌ကောင်းများဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)