သတင်းများ

ကွန်ပျူတာတက္ကသိုလ် (သထုံ)၏ ၁၃ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
Feb 03,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ ၁၃ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ် ဂေါ့ကျေးရွာရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်သည်။
သူနာပြုတက္ကသိုလ် (မန္တလေး)၏ (၂၆) ကြိမ်မြောက် ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂x၆၃ လမ်းကြား၊ ၁၀၄x၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် ယနေ့ နံနက် (၉) နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။
သရက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခြင်း အခမ်းအနားကို ယ‌နေ့ နံနက်(၁၀)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် အိမ်တွင်းစက်မှုလက်မှု လက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီအစည်းအဝေး တက်ရောက်
Feb 03,2024
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေ တွက်ခြေကိုက်နေ
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿာ (၇၀၀) ကျပ် ရောင်းချနေရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ ဦးဝင်းတင့်က ပြောကြား၍ သိရသည်။
စလင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Feb 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည် မိုးအကုန် ဆောင်အကူးပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် သတိပေး နှိုးဆော်ခြင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် မြို့မစည်ပင်သာယာစျေးအဝင်၌ မီးဘေးကြိုတင်ကာကွယ်ရေး သတိပြုစရာအချက်များပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ရပ်ကွက်များအတွင်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသေးစားခြေတုပြုပြင်ရေးလုပ်ငန်းဆောင်ရွက်
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကိုနေ့ချင်းပြီး “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းတုန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဇာကျော်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်ဆရာဝန်ကြီးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။