အလုံ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ မြို့နယ်အတွင်း ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်းများနှင့် တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့ယ် ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် မြို့နယ်သမဝါယမအသင်းမှ ဦးစီးအရာရှိ ဒေါ်ချယ်ရီအေးက အသင်းပိုင်ရင်းနှီးပစ္စည်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ အခွန်ပေးဆောင်ရမည့် ကိစ္စရပ်များ၊ မီးအာမခံထားရှိရေးကိစ္စရပ်များ၊ နှစ်ချုပ်စာရင်းစစ်ဆေးခြင်းကိစ္စရပ်များနှင့် အသင်းများမှ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အသင်းများမှ ပြန်လည်မေးမြန်းဆွေးနွေးမှုများကို မြို့နယ်ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံအသင်းများမှဥက္ကဋ္ဌများ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
တင်တင်ချို (ပြန်/ဆက်)