မြဝတီမြို့၌ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ ဘင်ခရာစွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 05,2024
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလားကျောင်းပေါင်းစုံ ဘင်ခရာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် အမှတ် (၄) ရပ်ကွက်၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း နာယက ဦးစောမုတ်သုန်၊ အဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် (၂) ဦးအောင်မင်းစိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစည်လှိုင်နှင့် ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာအကအလှများဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။