သာစည် ဖေဖေါ်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် မိတ္ထီလာ-တောင်ကြီးကားလမ်းမှ ကြက်မောက်-ဇီးတောလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သာစည်မြိုနယ်တွင် မိတ္ထီလာ-တောင်ကြီးကားလမ်းမှ ကြက်မောက်-ဇီးတောလမ်း လမ်းအရှည် (0.805 km x 3.66m x 375mm) (၀/၄မိုင် x ၁၂ x ၁၅လက်မ) မိုင်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံငွေရင်းရန်ပုံငွေ (၁၂၈.၅၀၀ သန်း)ဖြင့် အောက်တိုဘာလ ပထမပတ်မှစတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိတ္ထီလာ-တောင်ကြီးကားလမ်းမှ ကြက်မောက်-ဇီးတောလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခြင်းကြောင့် ကြက်မောက်ကျေးရွာ၊ ဇီးတောကျေးရွာ၊ သာစည်လေးကျေးရွာ၊ ကျောင်းရွာကျေးရွာ၊ ချမ်းသာကြီးကျေးရွာမှ အိမ်ခြေ (၁၀၈၄) အိမ်၊ လူဦးရေ (၄၃၇၇) ဦးတို့၏ စီးပွားရေး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် ရာသီမရွေးအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြိုနယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မြိုနယ်(ပြန်/ဆက်)