ဒိုက်ဦးမြို့နယ်တွင်  Biometric (ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ဒိုက်ဦး ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က အခြေခံပညာအထက် တန်းကျောင်း (တောင်သလဲမြောင်)ရှိ ကျောင်းသား/ကျောင်းသူများအား Biometric (ဇီဝဆိုင်ရာ) အချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီအား စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း (Lris Scanner)၊ စက်ကိရိယာဖြင့် လက်ဗွေစကန်ဖတ်ခြင်း (Fingerprint Scanner) နှင့် မျက်နှာစကန်ဖတ်ခြင်း(Logitech Webcam)များ ဆောင်ရွက်ပြီး အတည်ပြုပုံစံများ ဖြည့်သွင်း၍ ချက်ခြင်းထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူမှုအင်အားဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးမိုးက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)