ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာ၌ VRFP စီမံကိန်းချေးငွေကျပ် (၂၀၅)သိန်းကို စတုတ္ထအကြိမ် ထုတ်ချေးပေး

ဖြူး ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သာဓုကန်ကျေးရွာအုပ်စု၊ သာဓုကန်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေ(၂၀၅)သိန်းကို စတုတ္ထအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့၊နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)မှ ချေးငွေများ ထုတ်ချေးပေးမှု အခြေအနေများ၊ စီမံကိန်း လက်စွဲစာစောင်ပါ လုပ်ငန်းစဉ်များနှင့် အကြောင်းအရာများ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သာဓုကန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် အသင်းသား (၅၃)ဦးအား (VRFP)စီမံကိန်း ချေးငွေကျပ်(၂၀၅)သိန်းကို မြို့နယ်ဦးစီးမှူးက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)