ဒိုက်ဦးမြို့နယ် အောင်စိုးမိုးကျေးရွာ၌ ပဲတီစိမ်း (ရေဆင်း ၁၆ မျိုး) ခူးဆွတ်ခြင်းအား‌ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ကွင်းဆင်းအား‌ပေးကြည့်ရှု

ဒိုက်ဦး ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ အောင်စိုးမိုးကျေးရွာ၊ တောင်သူ ဦးအောင်ဆန်းဝင်း၏ တစ်ဆက်တစပ်တည်း ၂၂ ဧက၌ စိုက်ပျိုးထားသော ပဲတီစိမ်း (ရေဆင်း ၁၆ မျိုး) အား ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက) ခူးဆွတ်ရာ အထွက်  ၁ ဧကလျှင် (၂၅.၅) ထွက်ရှိကြောင်း သိရသည်။

အဆိုပါ ပဲတီစိမ်းခူးဆွတ်ရာသို့ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များ စိုက်ပျိုးရေးစိတ်ဝင်စားသော တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)