မြဝတီမြို့၌ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ ဘင်ခရာစွမ်းရည်ပြိုင်ပွဲကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၅

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလားကျောင်းပေါင်းစုံ ဘင်ခရာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် အမှတ် (၄) ရပ်ကွက်၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး   ဦးကောင်းစံလင်း၊  ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ  ချစ်ကြည်ရေးအသင်း နာယက   ဦးစောမုတ်သုန်၊ အဖွဲ့ဝင်() ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသက်လွင်၊ အဖွဲ့ဝင်() ဦးအောင်မင်းစိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊  အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး  ဦးစည်လှိုင်နှင့်   ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာအကအလှများဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်ကျောင်းများဖြစ်သည့် အ.ထ.က () မှ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး၊ အ.ထ.က () မှ (၆၃) ဦး၊ အ.ထ.က () မှ (၅၈) ဦးနှင့်  အ.ထ.က (ရွှေကုက္ကိုလ်မြိုင်) ကျောင်းမှ (၆၆) ဦးတို့က  တစ်ဖွဲ့ချင်းအလိုက် ကွင်းအတွင်းနေရာယူကာ  ဘင်ခရာတီးမှုတ်၍  မြန်မာ့ကျောင်း  တေးသီချင်း၊  စိတ်ကြိုက် တေးသီချင်းများဖြင့် အမြန်လျှောက်၊ အနှေးလျှောက် သရုပ်ဖော်ပြကွက်များ ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်ပညာရေးမှူး  ဦးမြင့်ဦး ဦးဆောင်သော အမှတ်ပေးဒိုင်အဖွဲ့ဝင် သုံးဦးက ရွေးချယ်အကဲဖြတ်အမှတ်ပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းများအား ဖေဖော်ဝါရီ ၈ ရက်  မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

အဆိုပါ ကျောင်းပေါင်းစုံ ဘင်ခရာစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခြင်းသည်  ကျောင်းသား၊  ကျောင်းသူများ အနေဖြင့် ပညာရည်ထူးချွန်သည်သာမက  အားကစားစိတ်ဓာတ်ဖြင့်  အသင်းအဖွဲ့လိုက်စုပေါင်း ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)