ခရမ်းမြို့နယ် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်

ခရမ်း ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက် ၁၀ နာရီမှစ၍ တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ  မီးသတ်ဦးစီးမှူးဦးမြတ်စိုးမိုး ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်၊ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း လျှပ်စစ်မီးစနစ်တကျသုံးစွဲခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိမှုနှင့် အသုံးပြုရန် အဆင်သင့်ရှိ/မရှိ၊ နေအိမ်ခြံဝန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက်သရိုက်ကင်းစင်ရေးနှင့် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်ထားရှိမှုတို့ကို စစ်ဆေးပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)