သတင်းများ

သာကေတမြို့နယ်တွင် အခြေခံရိုးရာခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Feb 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ရိုးရာခြင်းဆပ်ကော်မတီတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီ၌ အမှတ်(၃၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဆွေဦး အရှေ့ပိုင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် အ.လ.က(၅)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 04,2024
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက  အ.လ.က(၅)ကျောင်းတွင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူများထည့်ဝင်‌ငွေတို့ဖြင့် သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊‌ ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊ ‌ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ ယမန်နေ့ညနေ ၃ နာရီ အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (တတိယအကြိမ်) မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ ပြိုင်ပွဲကျင်းပ
Feb 04,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျင်းပသော တတိယအကြိမ် မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ၊ ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ဝက်မွေးမြူရေးခြံရှေ့ ကွင်းပြင်တွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး
Feb 04,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဖေဖော်ဝါရီ (၃)ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးအတွင်းအပြင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးပြီး အာဟာရဖြည့်စွက်စာများ ပေးဝေခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိမ်(၂၀)မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား လိုက်လံကြည့်ရှု
Feb 04,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ အကြိမ်(၂၀)မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမံပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲအား မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြား၊ ရတနာပုံဥယျာဉ်အတွင်း ၁၂လမ်းနှင့် လမ်း ၈၀ ကြားနေရာ၌ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Feb 04,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်းမှ) သုတေသနပြုထုတ်လုပ်မည့် အင်ဂျင်ပါဝါသုံး (၆) တန်းသွားလက်ဆွဲကောက်စိုက်စက် ထုတ်လုပ်မည့်နည်းပညာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခမ်းမတွင် ယနေ့နံနက် (၁၀) နာရီက အင်ဂျင်ပါဝါသုံး (၆) တန်းသွားလက်ဆွဲကောက်စိုက်စက် ထုတ်လုပ်မည့် နည်းပညာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။