ကလိန်အောင် ဖေဖော်ဝါရီလ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနဆေးခန်း၌ မွေးကင်းစမှ အသက် (၅) နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဆရာမ ဒေါ်ခင်သူဇာငြိမ်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက် (၅) နှစ်အောက် ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ (ဘီ) ၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြေးရောင်ရောဂါစသည့် (ငါးမျိုးစပ်ကာကွယ်ဆေး) ပိုလီယိုကာကွယ်ဆေး၊ပြင်းထန်းအဆုတ်ရောင် (ပီစီဗီ) ၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)