ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုးလုပ်ငန်း ကျွမ်းကျင်မှု (IIP) သင်တန်းနှင့် လုပ်ငန်းလျာထားစီမံချက် (MT)သင်တန်းဖွင့်ပွဲ ကျင်းပ

ဟုမ္မလင်း၊ ဇန်နဝါရီလ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၊ ကာကွယ် ဆေးထိုးလုပ်ငန်းကျွမ်းကျင်မှု ( IIP) သင်တန်းနှင့် လုပ်ငန်းလျာထားစီမံချက် (MT) သင်တန်းကို ဇန်နဝါရီလ (၂၉) ၊ နံနက်ပိုင်း (၉)နာရီခွဲ အချိန်တွင်ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဦးမှူး ဒေါ်လှလှခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေက ဦးဆောင်၍ သင့်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ကာကွယ်​ဆေးထိုးနှံရခြင်း​အကြောင်းနှင့် ပတ်သက်၍ အကျယ်တဝန်း (Power poin)ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုး လုပ်ငန်းကျွမ်းကျင်မှု ( IIP)သင်တန်းနှင့် လုပ်ငန်းယာထားစီမံချက် (MT) သင်တန်းကို သင်တန်း ဆရာ၊ ဆရာမများက စာတွေ့/လက်တွေ့ဖြင့် (၄)ရက်​သာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၀)ဉီး ကျော် တက်​ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)