သတင်းများ

ပေါင်းတည် အ.မ.က(၁၁ လမ်း)၌ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း( ၁၁ လမ်း)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေအရည်အသွေးတိုင်းတာစစ်ဆေးသောစက်များအား အသုံးပြုနည်းသင်တန်းဖွင့်ပွဲကျင်းပ
Jan 29,2024
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရေအရည်အသွေးတိုင်းတာစစ်ဆေးသော စက်များအား အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၊ ပေါ်တော်မူဘုရားတွင် ဥပ္ပါတသန္တိကျမ်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 29,2024
မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ပေါ်တော်မူဘုရားတွင် ဥပ္ပါတသန္တိကျမ်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ ကျောင်းသား/သူများ စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် စာအုပ်၊ စာစောင်များ  လာရောက်ငှားရမ်း
Jan 29,2024
မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ကျောင်းသား/သူများ စာအုပ်စာစောင်များလာရောက်ငှားရမ်းမှုအား မဟာအောင်မြေမြို့နယ်စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးမှ (အခမဲ့) ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အ.ထ.က (ခွဲ) ခင်ပြည့်တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် အ.ထ.က(ခွဲ) ခင်ပြည့်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အ.ထ.က ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲ ကျင်းပ
Jan 29,2024
မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အထွေထွေ ဗဟုသုတ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အတန်းဆုံးစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေး
Jan 29,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာယနေ့ ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြို လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jan 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြို လုပ်ငန်းအဖြစ် အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းမှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။