စလင်းမြို့ မှရိုးကုန်း​ကျေးရွာအုပ်စု(အင်းတဲ)အ.မ.ကကျောင်းနှင့် (ရုံးပင်ချောင်)အ.ထ.ကကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

စလင်း ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၈)နာရီ၄၅အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မှရိုးကုန်းကျေးရွာအုပ်စု (အင်းတဲ)အ.မ.ကကျောင်းနှင့် (ရုံးပင်ချောင်)အ.ထ.ကအခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွက်များကို ကျောင်းသား၊ ကျောင်းသူ၊ နိုင်ငံသားကောင်းသမီးကောင်း၊ ကလေးငယ်များဖြစ်ပေါ်လာစေရန်နှင့်​ နောင်တစ်ချိန်တွင်စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းကို (အင်းတဲ)အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှုမွန်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   မြို့နယ်ဒုဦးစီးမှူး ဒေါ်ဥမ္မာကျော်က ကျောင်းသားလူငယ်များအား စာပေဖတ်ရှုခြင်းမှ အသိပညာအတတ်ပညာများရရှိကြောင်းနှင့် စာပေကိုလေ့လာဖတ်ရှုခြင်းဖြင့် မိမိတို့၏ အသိဉာဏ်ဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် ကျောင်းသားလူငယ်ပညာတတ်များ ဖြစ်ပေါ်လာစေရန်တို့ကို အကျယ်တဝင့်ရှင်းလင်း၍  လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ ငလျင်ဘေး သဘာဝဘေးအန္တရာယ်များအကြောင်းအရာများကို ပြည့်စုံစွာရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က စားသူရေးရာနှင့်ပတ်သက်သည့်များကို ကျောင်းသားလူငယ်များ နားလည်သဘောပေါက်စေရန်  အကျယ်တဝင့်ရှင်းလင်းခဲ့သည်။ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာများကို ရှင်းလင်းခြင်းများအား မှရိုးကုန်းကျေးရွာ (အင်းတဲ)အ.မ.က ကျောင်းသားကလေးများက သိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးပြသထားသည့် နံရန်ကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှုမွန်ဌေးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)