ပိုင်ကျုံ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.မ.က (ကလာဒေး)ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို ကျောင်းသား/သူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အ.ထ.က (ပိုင်ကျုံ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပညာရေးစနစ်သစ်၏ ပညာရေး အခွင့်အလမ်းများနှင့် လူ့ဘဝတွင် စိတ်ဓာတ် စည်းကမ်းရှိရန်လိုအပ်ကြောင်း၊ မိမိကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အ.မ.က (ကလာဒေး)ကျောင်းမှ ဆရာ/မများနှင့်ကျောင်းတော်ကြီး၏ လိုအပ်ချက်များကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် အလှူရှင်မျာတို့အား ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ ကျောင်းသား/သူလေးများက အကအလှသရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)