(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အဆင့် စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲ ကျင်းပ

ပလောက်   ဇန်နဝါရီ  ၂၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန် ကျင်းပခဲ့ရာ  အထက်တန်း၊အလယ်တန်းနှင့်မူလတန်း ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် “တိုင်းရင်းသားပေါင်းစုတို့ ပြည်ထောင်စု ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးတွင်“ ငြိမ်းချမ်းဝေစည် ပြည်ထောင်စုဆီ”နှင့်ပန်းချီပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့အတွေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုမြေတို့ တိုင်းပြည်ငါတို့ချစ်တဲ့ မြေ” နှင့် ပန်းချီပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့မြင်ကွင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပခဲ့သည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်  ကျောင်းသား/သူ (၁၀)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၁၆) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၉)ဦးနှင့်ပန်းချီပြိုင်ပွဲတွင် (၁၂) ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၀)ဦးနှင့်ပန်းချီပြိုင်ပွဲတွင် (၁၃)ဦး၊ စုစုပေါင်း (၇၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုအား မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း/အမျိုးသမီးရေးရာအဖွဲ့များမှ ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်ပြီး(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်မြို့အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ဆုများ အသီးသီးပေး အပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)