သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ယနေ့နံနက်(၉း၀၀)နာရီက သပြေကုန်းရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မုဒုံမြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 29,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေ ၁၀၀ ရာခိုင်နှုန်း ထုတ်ချေးပြီးစီး
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ၁၀၀ ရာခိုင်နှုန်း ထုတ်ချေးပြီး ဖြစ်ကြောင်း သိရသည်။
ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ
Jan 29,2024
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲ ကိုယနေ့နံနက် ၉ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Jan 29,2024
မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်အတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်းမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အစီအစဉ် ဆောင်ရွက်
Jan 29,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီအချိန်က အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ အပြီးသတ်ထုတ်ချေးပြီးစီး
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေး ငွေများကိုထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်အပြီးသတ်ထုတ်‌ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာသွားလာတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်း၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။