မဟာအောင်မြေမြို့နယ်၊ ပေါ်တော်မူဘုရားတွင် ဥပ္ပါတသန္တိကျမ်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ  ၂၉

မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ပေါ်တော်မူဘုရားတွင်  ဥပ္ပါတသန္တိကျမ်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြတောင်တိုက်၊ ခေမာဝင်းကျောင်းဆရာတော် ဉူးအဂ္ဂဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ကျမ်းမြတ်ဒေသနာရွတ်ဖတ်ပူဇော်မည့် သံဃာတော်(၂၇)ပါးက ဥပ္ပါတသန္တိကျမ်းမြတ် ဒေသနာတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

အဆိုပါ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ရွတ်ဖတ်ပူဇော်ပွဲကို (၂၇-၁-၂၀၂၄) ရက်နေ့မှ (၅-၂-၂၀၂၄) ရက်နေ့အထိ (၁၀) ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း