ခန္တီး ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြိုလုပ်ငန်းအဖြစ် အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းမှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အကြိုလုပ်ငန်းဖြစ်သည့် အဆောက် အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ခန္တီးမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းကောက်ယူ ခြင်းဖြစ်ပြီး ကောက်ကွက်အဖြစ် မြို့မရပ်ကွက်တွင် (၅)ကွက်၊ ပေါမိုင်းရပ်ကွက်တွင် (၃)ကွက်၊ ဇီးဖြူကုန်းရပ်ကွက်တွင်(၄)ကွက် စုစုပေါင်းကောက်ကွက် (၁၂)ကွက်ဖြင့် ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွှန့်ဦးထံ မှ သိရသည်။
ခရိုင်(ပြန်/ဆက်)