မဟာအောင်မြေ ဇန်နဝါရီ ၂၉
မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အထွေထွေ ဗဟုသုတ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အ.ထ.ကကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်က ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ မှတ်သားမှုအားကောင်းစေရန်၊ အမြင်ဗဟုသုတ ရှိစေရန်၊ စာပေဖတ်ရှုလေ့လာရာတွင် ပိုမိုစိတ်ဝင်စားမှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီ စာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အထွေထွေဗဟုသုတ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းအုပ်ဆရာကြီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူများအား စိစစ်ရွေးချယ်၍ (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း