ဂွ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာယနေ့ ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ဂွမြို့နယ်တွင်အခြေခံပညာကျောင်း(၁၄၀ )ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်းရှိပြီး Grade-6၊ Grade-7၊ Grade-8၊ Grade-10၊ Grade-11၊Grade-12 ရှိ ကျောင်းသား၊ကျောင်းသူများက ပထမနေ့ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး Grade-4တွင် မြန်မာစာနှင့် အင်္ဂလိပ်စာနှစ်ဘာသာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲကိုကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ဆရာဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်