ကျောက်တန်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးသီတင်းပတ်အဖြစ် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Jan 30,2024
နိုင်ငံတော်အတွင်း နှစ်စဥ် မီးလန့်/ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်လျှက်ရှိရာ ထိုမီးလန့်/ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ နိုင်ငံနှင့်အ၀ှမ်း ၂၉.၁.၂၀၂၄ ရက်နေ့မှ ၂.၂.၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် မီးဘေးကြိုတင်ကာကွယ်ရေးသီတင်းပတ်အဖြစ် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းဟောပြောခြင်း ညစဥ် ၇ နာရီအချိန် မီးသတိပေးလှည့်လည်ဆော်သြခြင်းများကို ပြုလုပ်လျှက်ရှိသည်