ပျော်ဘွယ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြပွဲ ဆောင်ရွက်

ပျော်ဘွယ် ဇန်နဝါရီ ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အစီအစဉ်နှင့် မြန်မာအီလက်ထရောနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုပုံနှင့်စပ်လျဉ်း၍ Power Point ဖြင့်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှပြည်သူများ၊ နိုင်ငံရေးပါတီဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်စေပြီး အဆိုပါစက်အသုံးပြုနည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာခိုင်နှင့်ဝန်ထမ်းများက ရှင်းလင်းပြသကြသည်။

မြန်မာအီလက်ထရောနစ်မဲပေးစနစ်သည် မည်သည့်ကွန်ယက်များနှင့်ချိတ်ဆက်ထားမှုမရှိကြောင်း၊ မိုက်ခရို ကွန်ထရိုလာစနစ်အသုံးပြုထားခြင်းကြောင့် လွန်စွာရိုးရှင်းပြီးလုံခြုံစိတ်ချရသော စနစ်ဖြစ်ကြောင်း၊ မဲရုံများတွင် အများမြင်သာသည့်နေရာတွင် တပ်ဆင်ပြီး အကြိမ်များစွာ အသုံးပြုနိုင် ခလုတ်များဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအတွက် မဲလက်မှတ်လုံခြုံစိတ်ချရခြင်း၊ အချိန်ကုန် သက်သာခြင်းနှင့် တိကျမှန်ကန်မှုရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)