ခရမ်းမြို့နယ် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်

ခရမ်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက်(၁၀)နာရီမှစ၍ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်စခန်းမှူးဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်၊ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း လျှပ်စစ်မီးစနစ်တကျသုံးစွဲခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိမှုနှင့်အသုံးပြုရန် အဆင်သင့်ရှိ/မရှိ၊ နေအိမ်ခြံဝန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက်သရိုက်ကင်းစင်ရေးနှင့် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်ထားရှိမှုတို့ကိုစစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)