ကျောက်တန်း ဇန်နဝါရီ ၃၀
နိုင်ငံတော်အတွင်း နှစ်စဥ် မီးလန့်/ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်လျှက်ရှိရာ ထိုမီးလန့်/ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ နိုင်ငံနှင့်အ၀ှမ်း ၂၉.၁.၂၀၂၄ ရက်နေ့မှ ၂.၂.၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် မီးဘေးကြိုတင်ကာကွယ်ရေးသီတင်းပတ်အဖြစ် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းဟောပြောခြင်း ညစဥ် ၇ နာရီအချိန် မီးသတိပေးလှည့်လည်ဆော်သြခြင်းများကို ပြုလုပ်လျှက်ရှိသည်
ထိုသို့ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကျောက်တန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း ဦးစီး၍ အရန်မီးသတ်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်း၍ ကျောက်တန်းမြို့ စံချိန်မီရပ်ကွက်အတွင်းတွင် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်၊၊
ဦးသန့်ဇင်ထွန်း