(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၀

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် RES Bike Group တို့ ပူးပေါင်းကျင်းပသော ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကို ဇန်နဝါရီ ၂၈ရက်နေ့ နံနက်တွင် သန်လျင်မြို့နယ် ကုလားဝဲကျေးရွာ တိုးဂိတ်ထိပ်မှ စတင်ကျင်းပသည်။

အဆိုပါစက်ဘီးပြိုင်ပွဲသို့ အငယ်တန်းစက်ဘီးအားစားသမား (၇၀) ဦးနှင့် အကြီးတန်းစက်ဘီးအားကစားသမား (၁၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်စက်ဘီးအားကစားသမားများသည် တိုးဂိတ် သီလဝါလမ်းဆုံအထိ အသွားအပြန်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများနှင့် အသက်အကြီးဆုံးအားကစားဆုရရှိသူတို့အား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင် (၂) ဦး ဆန်းဝင်း၊ မြို့နယ်အားကစားမှူး ဦးလင်းလင်းထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)