သတင်းများ

ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာ တက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း လွိုင်ချိုကျောင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးစေသည့် အညာဒေသထွက် ဆီးသီး
Jan 30,2024
မကွေးတိုင်းဒေသကြီး အညာဒေသတခွင်ရှိ ယာခင်းချောင်းခင်းများ၊ လယ်ယာများပေါ်တွင် အလေ့ကျပေါက်သည့် ဆီးသီးများ ကောက်ယူရောင်းချကြသူများ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိသည်။
လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံမိုးတောင်-ပိန်းသီလာလမ်းပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Jan 30,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများ ကာလတာ ရှည်ခံအသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းရှိ လိုအပ် သောနေရာများတွင် Box Culvert (တံတားငယ်လေး)များ (၄) ခု အသစ်တည်ဆောက်ပေးခြင်း၊ လမ်းပေါက်များ ဖာထေးခြင်း၊ ရေပိတ်လွှာ နိမ့်မြင့်ညှိ ကတ္တရာခင်းခြင်းလုပ်ငန်းများမှာ ယခုအခါ ပြီးစီးသွားပြီဖြစ်၍ ဒေသနေပြည်သူများ သွားလာသယ်ယူပို့ဆောင်မှု ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နွေစပါးစိုက်ပျိုးသူတိုင်း ပန်းတိုင်အထွက်နှုန်းရရှိရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူလယ်သမားများ လူနေမှုဘဝတိုးတက်လာစေရေးတို့အတွက် နွေစပါးစိုက်ပျိုးသူတိုင်း တစ်ဧက တင်းတစ်ရာနှင့်အထက် ထွက်ရှိရေးကို စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေး
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့၌(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Jan 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေး
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ပလတ်စတစ်ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။