ရှမ်းရွာသစ်မြို့ ဒေသထွက်ကြံသကာများ အရည်အသွေးအနည်းငယ်ကျဆင်းမှုကြောင့် အရောင်းအဝယ်နည်းပါး

ရှမ်းရွာသစ် ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကြံစိုက်ပျိုးသည့် တောင်သူများသည် နှစ်စဉ်ဒေသထွက် သဘာဝစစ်စစ် တပိုင်တနိုင်ကြံသကာများ ချက်လုပ်ရောင်းချလျက်ရှိရာ ယခုနှစ်တွင်  မိုးရွာသွန်းမှုများသည့်အတွက် ကြံအရည်အသွေး ကျဆင်းခဲ့ပြီး အရောင်းအဝယ်လည်း အေးလျက်ရှိကြောင်း ကြံစိုက်တောင်သူများထံက သိရသည်။

ကြံသည် တစ်နှစ်ကြာစိုက်ပျိုးရပြီး ရိတ်သိမ်းပြီးကြံများကို အရည်ရယူကာ သန့်စင်ပြီးကြံရည်များကို မီးပြင်းပြင်းနှင့်ကြိုချက်ရသည်။ ထိုမှတစ်ဆင့် ရရှိလာသည့်ကြံအနှစ်များကို ကြိမ်ဖန်များစွာ မွှေပေးရာမှ ရရှိလာသည့်ကြံသကာခဲများကို နှစ်သက်ရာပုံစံများ ပြုလုပ်ကြရသည်။

ယမန်နှစ်က ကြံသကာတစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀) ကျပ်သာရရှိသော်လည်း ယခုနှစ်တွင် ကြံသကာတစ်ပိဿာလျှင် ငွေကျပ်(၃၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ ရောင်းချနေရပြီး ကြံသကာအရည်အသွေး ကျဆင်းမှုကြောင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ ရှမ်းရွာသစ်ဒေသထွက် ကြံသကာများကို လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူအထူးဒေသများသို့ တင်ပို့ရောင်းချရသော်လည်း ယခုနှစ်တွင် ကြံသကာအရည်အသွေး ကျဆင်းမှုကြောင့် ဒေသခံပြည်သူများသို့သာ ရောင်းချနေရကြောင်း ကြံသကာ​ချက်လုပ်ရောင်းချသူတစ်ဦးက ပြောသည်။

ဇင်လေး(ပြန်/ဆက်)