လှည်းကူးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းများ ဆောင်ရွက်
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယုလွင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်နှင့် ဒါးပိန်တောင်ကျေးရွာများအတွင်း နေထိုင်သော ပြည်သူများအား မီးလောင်မှု၊မီးလန့်မှုများ လျော့နည်းပပျောက်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီး စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်သည်။