နာဂဒေသ၊ လဟယ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အကြိုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jan 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၄ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းတွင် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဖြစ်သောအဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်(၉)ခွဲအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကို၊ ဒေသ လ၀ကဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးစိုးတင့်အောင်နှင့် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ကြည့်ရှုစစ်ဆေးပါသည်။