နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

တောင်ကြီး   ဇန်နဝါရီ ၃၀

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ (၄) ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း၊ တက်ရောက်ရယူနိုင်ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များအား ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းကို ဇန်နဝါရီ(၂၉)ရက်နေ့က ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ သန္တာလမ်းနေ ဦးမင်းသိန်း၊ သံအမတ်ကြီး(ငြိမ်း) နိုင်ငံခြားရေးဝန်ကြီးဌာနထံ အိမ်တိုင်ရာရောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက သွားရောက်ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)