ကျိုက်လတ်မြို့နယ်တွင် ကျောင်းအခြေပြု (KG) ကျောင်းသား/သူများအား ဆုံဆို့နာ - မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ် ဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများကို ကျောင်းအခြေပြု ဆုံဆို့နာနှင့် မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်းများတွင် စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ် မကျော်သော မူလတန်းအဆင့်(KG) ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT(Diphtheria Tetanus)များကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင် ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၇၀) ဦးအား ထိုးနှံပေးခဲ့ပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)