နတ်မောက် ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့မရပ်ကွက်ရှိကော်မတီဝင်များဖြင့် အတူနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား၊ မီးကျင်းစနစ်တကျ ပြုလုပ်ထားရန်၊ စက်ရုံများတွင် မီးသတ်ဆေးဘူးများ (လေပေါင်) ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးမှာကြားခဲ့ပြီး မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို သရုပ်ပြရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
လှဝင်း