ငပုတောမြို့၌ ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ငပုတော ဖေဖော်ဝါရီ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ ညပိုင်းက ငပုတောမြို့ပေါ် ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်း‌အောင်မှ အနီးကပ်ကြီးကြပ်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် လူတို့၏ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွာစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် လူနေအိမ် အဆောက်အဦများတွင် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံး၊ လှေကားများနှင့် မီးသတ်ဆေးဘူးများ အရန်သင့်ထားရှိရေး၊ အရေးပေါ်ရေများ အရန်သင့် စုဆောင်းထားရှိရေးနှင့် ခရိုင်နှင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်စေရေး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအနီးတွင် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ရေနံဆီမီးခွက်များနှင့် မီးလောင်တတ်စေသောပစ္စည်များ ထားရှိခြင်းမပြုလုပ်ရန် လှည့်လည်အသိပေး ကြေငြာခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)