ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူများအား စားသုံးဆီသုံးစွဲမှု ဖူလုံစေရန်နှင့် ဒေသတွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့က ယနေ့နံနက် ၈ နာရီအချိန်က မိဘဂုဏ်ဆီစက်နှင့် သီးနှံစုံရောင်းဝယ်ရေးအသင်းမှ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သို့ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အောင်လံခရိုင် ဆီကုန်သည်များအသင်း၊ မိဘဂုဏ်ဆီစက်နှင့် သီးနှံစုံရောင်းဝယ်ရေးတို့ပူးပေါင်း၍ ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆင်ပေါင်ဝဲမြို့ မိဘဂုဏ်ဆီစက်နှင့် သီးနှံစုံရောင်းဝယ်ရေးမှ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာ ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာသုံးဆီစျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမှုကို ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ရပ်ကွက်များအလိုက် အလှည့်ကြထုတ်ပေးလျက်ရှိကြောင်းနှင့် စားအုန်းဆီများကို ကာလပေါက်ဈေးထက်ဝက် စျေးနှုန်းလျော့ချကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)