စဉ့်ကူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်         

စဉ့်ကူး ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများကို (၂-၂-၂၀၂၄) ရက်နေ့မှ (၃-၂-၂၀၂၄) ရက်‌နေ့ထိ ၂ ရက်တိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)နှင့် ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)