မုံရွာ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းနှမ်း ၅၄၁၉၅၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းနှမ်း ၅၅၇၉၃၅ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃ ခုနှစ် အောက်တို ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၅၄၁၉၅၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် တိုင်းဒေသကြီးအတွင်းမှာ ဆောင်းနှမ်း ၅၅၇၉၀၀ ဧက ကျော်လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၅၄၁၉၀၀ ဧက ကျော်စိုက်ပျိုးပြီးပါပြီ။ ဆက်လက်၍လည်း စိုက်ပျိုးလျက်ရှိပါတယ်။ အထွက်နှုန်း ကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်" ဟု စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်အလိုက် ဆောင်းနှမ်းစိုက်ပျိုးပြီးစီးမှုအနေဖြင့် နာဂဒေသတွင် ၂၅ ဧက၊ စစ်ကိုင်းခရိုင်တွင် ၉၆၆၈၉ ဧက၊ မုံရွာခရိုင်တွင် ၆၆၄၁၄ ဧက၊ ယင်းမာပင်ခရိုင်တွင် ၆၅၀၉၄ ဧက၊ ရွှေဘိုခရိုင်တွင် ၉၆၆၆၆ ဧက၊ ကန့်ဘလူခရိုင်တွင် ၁၀၉၇၅၀ ဧက၊ ကသာခရိုင်တွင် ၄၆၉၈၇ ဧက၊ ကောလင်းခရိုင်တွင် ၂၈၁၉၂ ဧက၊ ကလေးခရိုင်တွင် ၆၀၉၁ ဧက၊ တမူးခရိုင်တွင် ၂၄၂၂ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၃၀ ဧက၊ မော်လိုက်ခရိုင်တွင် ၁၄၇၃ ဧကနှင့် ရေဦးခရိုင်တွင် ၂၂၁၁၈ ဧက စုစုပေါင်း ၅၄၁၉၅၁ ဧကဖြစ် ကြောင်း၊ လျာထားမှုအနေဖြင့် တိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အပါအဝင် ခရိုင်(၁၄)ခရိုင်တွင် စုစုပေါင်း ၅၅၇၉၃၅ ဧကဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်နှစ် နှမ်းစိုက်တောင်သူများကို ဆောင်းနှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)