တောင်တွင်းကြီး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရှေ့ဟောင်းသမိုင်းဝင် ရွှေရောင်တော်စေတီတော်မြတ်ကြီးတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုလှူဒါန်းမှုပြုလုပ်ရန် ယမန်နေ့နံနက် (၈)နာရီက မြေနေရာများရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မြေနေရာရှင်းလင်းခြင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေသားများညီညာမှုရှိစေရန် စက်ယန္တာယားများဖြစ် ထွန်းယက်ခြင်း၊ မြေနေရာသတ်မှတ်၍ အလံများစိုက်ထူခြင်း၊ သန့်စင်ခန်းများတည်ဆောက်နိုင်ရန် မြေရှင်းလင်းခြင်း၊ ရေတွင်းများတူးဖော်ခြင်း၊ စျေးဆိုင်ခန်းများထားရှိရန် စနစ်တကျ သတ်မှတ်ပေးထားခြင်း၊ ချက်ပြုတ်ရန် မြေနေရာနှင့် ထင်းမီးပြုလုပ်ရန် ထင်းများအား စနစ်တကျသုံးစွဲနိုင်ရန်ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)