ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိ

ပိုင်ကျုံ ဖေဖော်ဝါရီ

အဆိုပါတံတားများသည် ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက် မြေသားလမ်းပေါ်တွင်  က်သွယ်ထားသည့် အရှည် (၂၅) ပေတံတား (၂) စင်းနှင့် အကျယ် (၃၀) ပေ တံတားတစ်စင်း တည်ဆောက် ပေးလျက်ရှိပြီး ၂၀၂-၂၀၂ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သည် ယင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိပြီး လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့်  မိုးတွင်းကာလတွင် အန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး (ပြန်/ဆက်)