မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးအတွင်း  စိုက်ပျိုးကဏ္ဍများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကို  ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးဦးစီးဌာနတိုင်း/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများနှင့် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များ၊ သွင်းအားစုရောင်းချသူ အစုအဖွဲ့များ၊ တောင်သူအစုအဖွဲ့များ in person ဖြင့်(၄၇)ဦး နှင့် online zoom meetingဖြင့် (၃၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းများနှင့် ပတ်သက်၍ Online Zoom Meeting ဖြင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု/တိုင်းဒေသကြီး) အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့များ၊ သွင်းအားစုအစုအဖွဲ့များနှင့် တောင်သူ အစုအဖွဲ့များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးသီးနှံ (၈၈၉၄၉) ဧက စိုက်ပျိုးရန်လျာထားမှုအပေါ် ခရိုင်()ခရိုင်၊ မြို့နယ်(၁၂)မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပြည်ထောင်စု အစီအစဉ်ဖြင့် (၃၂၅၇၈) ဧကအတွက် ငွေကျပ် (၆၅၁၅.၆၀) သန်းဖြင့် စိုက်ပျိုးနိုင်ရေးလျာထားဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ တိုင်းဒေသကြီးအစီအစဉ်ဖြင့် နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါ၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုနေကြာသီးနှံစသည့် သီးနှံ () မျိုးအတွက် စုစုပေါင်းဧက (၁၆၀၀၀) အတွက် ငွေကျပ် (၃၂၀၀) ကျပ်သန်းဖြင့် ခရိုင် () ခရိုင်၊ မြို့နယ်ပေါင်း(၁၁)မြို့နယ်တွင် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စုစုပေါင်း(၄၈၅၇၈) ဧကအတွက်  ငွေ (၉၇၁၅.၆၀) ကျပ်သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့်စီမံကိန်းသည် သီးနှံစိုက်ဧကများအပေါ် () ဧကလျှင် ငွေကျပ် () သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများအား တောင်သူများထံ ပံ့ပိုးပေးမည်ဖြစ်ရာ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားပြီး တောင်သူတစ်ဦးစီ၏ဝင်ငွေတိုးတက်စေရေးဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်