မုံရွာ ဖေဖော်ဝါရီ ၈
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သည့် စိုက်ပျိုး၊မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန် လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍအား မြှင့်တင်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယနေ့ဖွင့် လှစ်ပေးလိုက်သည့်လမ်းသည် မုံရွာမြို့၏စည်ကားသည့် ပြည်ထောင်စုဈေးအနီးတွင်တည်ရှိ သည့်လမ်းဖြစ်၍ ရောင်းဝယ်ဖောက်ကားမှုအတွက် များစွာအထောက်အကူပြုသကဲ့သို့ မုံရွာမြို့ ၏အထင်ကရဖြစ်သည့် မဟာလယ်တီကျောင်းတိုက်ကြီးနှင့် နီးကပ်စွာတည်ရှိခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူများသာမက ရဟန်းသံဃာတော်များ၊ သီလရှင်နှင့်ကျောင်းသား၊ ကျောင်းသူများအတွက်ပါ အလွန်အကျိုးရှိသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ကြီးအား ခေတ်နှင့်အညီဖွံ့ဖြိုးတိုး တက်စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနှင့် မြို့နေပြည်သူလူထု အနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်ပေးသွား ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြား ရေးမှူး ဦးထွန်းထွန်းက ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့်မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေများအားပေး အပ်ချီးမြင့်ခဲ့ကြပြီး တာဝနှ်ရှိသူများအတူ အဆိုပါဖွင့်ပွဲမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝေဇယန္တာလမ်းနိုင် လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသူ များနှင့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများ ရောင်းချနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချသူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ဝေဇယန္တာလမ်း နိုင်လွန်ကတ္တရာလမ်းသည် အလျား - ၃၃၀၀ ပေ၊ အကျယ် - ၁၈ ပေ၊ ၃ လက်မခွဲထုဖြစ်ပြီး ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းသည် အလျား - ၆၀ ပေ၊ အနံ - ၄၀ ပေ၊ သံဖရိန် ၁ ထပ် အဆောက်အဦး ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရက်ကန်း နှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး နှင့်တာဝန်ရှိသူများက စက်ရက်ကန်း၊လက်ရက်ကန်း၊ သင်တန်းသူအိပ်ဆောင်၊ သင်တန်းအဆောင်၊ ရုံးအဆောက်အဦနှင့် သင်တန်းသူများကိုယ်တိုင် ရက်လုပ်ထားသော ရက်ကန်းအထည်များအား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြမှုများအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)