သတင်းများ

ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ကျိုင်းတုံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ဆေးဗူးများလှူဒါန်း
Feb 08,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်၍  မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်ကာ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် (၉) နာရီက ဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ဆေးဗူးများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။  
ဂွမြို့ Community    Centre  ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့်   စာဖတ်ဝိုင်း  ပြုလုပ်
Feb 08,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းတွင် သုတေသီဘုန်းမြင့်သွေး၏ လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်းစာအုပ်ဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။  
တောင်တွင်းကြီးမြို့နယ် ရေမွှေးပန်းစိုက် တောင်သူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိ
Feb 08,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကြက်ဖြူတောကျေးရွာတွင် နွေ၊မိုးဆောင်း သုံးရာသီလုံး စိုက်ပျိုးနိုင်သော တစ်ပိုင်တစ်နိုင် ရေးမွှေးပန်းစိုက်တောင်သူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများကျင်းပ
Feb 08,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းလွန်ကျောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပ
Feb 08,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်း
Feb 08,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။
သပိတ်ကျင်းမြို့(မြို့မ) ဈေးတွင် မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ လက်တွေ့ သရုပ်ပြခြင်းများဆောင်ရွက်
Feb 08,2024
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်သပိတ်ကျင်းမြို့၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်‌ရေးတို့အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၇ နာရီက သပိတ်ကျင်း( မြို့မ)စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။