ရေဦး၊ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရေဦးမြို့နယ်သာသနာရေးဦးစီးဌာနတို့ စီစဉ်ကျင်းပသော ပထမအကြိမ်နေ့ညအသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကံတွင်းကျောင်းတိုက် သဗ္ဗဣဒ္ဓိရွှေသာလျောင်း ဘုရားဆောင်သစ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ ကြွရောက်တော်မူခဲ့ကြသည်။
ရှေးဦးစွာ ဧကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာ တော်အရှင်သူမြတ်များအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကာ ဧည့်ပရိတ်သတ်တို့က ချမ်းသာကြီးဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ရွတ်ဖတ်တော်မူသော သာရဏီယကထာတော်ကို နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်အရှင်သူမြတ်များတို့ထံ လှူဖွယ်၀တ္ထုငွေနှင့်စ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)