ခိုလမ်မြို့၊ အခြေခံပညာစာသင်ကျောင်းများသို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ခိုလမ် ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များကို  အခြေခံပညာစာသင်ကျောင်းများသို့ ယနေ့နံနက် ၁၀နာရီအချိန်တွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ညီညွတ်မှုဖြင့်ရှေ့သို့ချီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ၊ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက်ကာကွယ်ရေး၊ ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်​၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသော ဖဆပလပြည်လုံးကျွတ်ညီလာခံသဘင်ကြီးသို့ တင်သွင်းသည့် ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ပြည်ထောင်စုဖွားသွေးချင်းများ ကဗျာ၊ ကာတွန်း၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ပြည်ထောင်စုသားသွေးချင်းများ တွဲထားလက်များခိုင်စေသား စသည့်အကြောင်းအရာများပါဝင်ကြောင်းသိရှိရပါသည်။

နေလင်းထွန်း(ပြန်/ဆက်)