လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ရှိ လဝကဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လာရောက်ကြည့်ရှု့

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဖေဖော်ဝါရီလ (၈) ရက်နေ့နံနက် (၉) နာရီခွဲ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ လဝကဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကန်ကြီးထောင့်မြို့နယ်ရှိ လဝက ဝန်ထမ်းများအား မြေပြင်ကွင်းဆင်းကောက်ယူမှုအခြေအနေများ၊ e-ID စနစ်အတွက်Biometricကောက်ယူမှု အခြေအနေများ၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုံးဝန်းအတွင်းရှိ မြို့နယ်လဝကရုံးဝန်ထမ်းများမှ ပြည်သူများအား သက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နမှုအခြေအနေများအား လှည့်လည်ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေ၊ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များကို လမ်ညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)